ဗိုလ်မှူးချုပ်တင့်ဆွေ

ငယ်ဘဝ

၁၉၂၅ ဖေဖေါ်ဝါရီ ၁ ဖျာပုံနေ ဦးဘသောင်၊ ဒေါ်သင်တို့က မွေး
၁၉၃၀ ဖျာပုံအထက တက်

တပ်မတော်သားဘဝ

  • ၁၉၄၃ မတ် ဗမာ့ကာကွယ်ရေးတပ်မတော် ဝင်
  • မင်္ဂလာဒုံ ဗိုလ်သင်တန်းအပတ်စဉ်(၂) တက်
  • ၁၉၄၅ ဂျပန် ဘုရင့်စစ်တက္ကသိုလ်က အောင်
  • ၁၉၄၆-၆၉ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ စစ်ဦးစီးမှူး(ပထမတန်း)၊ တိုင်းဦးစီးချုပ်၊ မေမြို့ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်၊ အမှတ်(၇၇)တပ်မဌာနချုပ် (ပထမဆုံး) တပ်မမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ပထမဆုံး) တိုင်းမှူး
  • ၁၉၇၄ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
  • ၁၉၇၅ ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး
  • ၁၉၇၆-၈၈ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်

စာရေးခြင်း

သောင်းကျန်းသူနှိမ်နင်းရေးလက်စွဲ စရေးရာမှ စာရေးချင်စိတ်ပေါ်၊ တင့်ဆွေ(ဖျာပုံ) ကလောင်ဖြင့် ရေး
  • မထိကန်သာရေကြည်ရှာခဲ့
  • ကျောပိုးအိတ်လေးကိုချီကာလွယ် (၂၀၁၀)
  • ပြည်တွင်းသောင်းကျန်းမှုနှင့် ရုန်းကန်လာသည့် လွတ်လပ်ရေး
  • ခေတ်အဆက်ဆက်တိုးတက်ကြံဆစက်မှုကဏ္ဍ
  • မှော်ဝန်းသားဗိုလ်ခင်ညွန့်သို့မဟုတ်အဖေ့သား

ဘဝနိဂုံး

အိမ်အမှတ် ၄၊ အနောက်မေခလမ်းသွယ် ၂၊ ပါရမီလမ်း၊ ၆ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် နေ
၂၀၂၂ ဇန်နဝါရီ ၅ ၊အမှတ် ၂ တပ်မတော်ဆေးရုံ၌ သေ

Comments