ပြင်ဆင်ခြင်း
အစိုးရ
၁၉၅၈ စက်တင်ဘာ ၂၆ ဝန်ကြီးချုပ်ဦးနုက အောက်တိုဘာ ၂၈ တွင် တပ်အား အာဏာလွှဲမည်ဟု အသံလွှင့်။ ပြူစောထီးများအား အရံရဲခေါင်းစဉ်ဖြင့် ပြည်ထဲရေးအောက်သွင်း၊ စစ်ရဲမှ ရာထူးကြီးများအား ဖြုတ်ကာ သူ့လူများထဲ့။ ၆ မိုင်ခွဲ (ကေဘာကြီးခြံ) ရှိ အမှတ်(၁၇)စစ်ရဲတပ်ရင်း၊ သမတအိမ်ဝင်းဘေးရှိ အမှတ်(၂၂)စစ်ရဲတပ်ရင်း၊ လားရှိုးရှိ အမှတ်(၁၂)စစ်ရဲတပ်ရင်း၊ မြစ်ငယ်ရှိ အမှတ်(၇)စစ်ရဲတပ်ရင်းတို့အား လူယုံတပ်အဖြစ်ထားကြောင်း သတင်းပေါ်။
ကြေးနန်းဆက်သွယ်ရေးဌာနမှ ဝိုင်ယာလက် အလုံး ၅၀ တောင်းရာ ၄၂ လုံးရ။ ကွန်ရက်သစ် လုပ်။ (ဦးဝိစာရလမ်းနှင့်ပြည်လမ်းထောင့်ရှိ) စစ်ရဲလက်နက်တိုက်နှင့် ရဲလက်နက်တိုက်များမှ လက်နက်တချို့ထုတ်။
တောင်တွင်းကြီးရှိ အမှတ်(၁၄)စစ်ရဲတပ်ရင်း တောခိုကြောင်း သတင်းထွက်။
နယ်ရှိ စစ်ရဲတပ်ရင်းများမှ တပ်စိတ် ၁ စိတ်စီတောင်း။
တပ်
ကြည့်မြင်တိုင်အမတ် မြူနီစပါယ်လူကြီး မြင်းပွဲဒါရိုက်တာ ဗိုလ်ရဲလှ (ဆွေငြိမ်း)၊ ဗိုလ်ချုပ်အောင်ရွှေ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)၊ ဗိုလ်မှူးကြီးထွန်းစိန် (တပ်မဟာ ၂)၊ ဗိုလ်မှူးကြီးကြည်ဝင်း (တပ်မဟာ ၁၀)၊ ဗိုလ်မှူးကြီးလှမော် (တပ်မဟာ ၃)၊ ဗိုလ်မှူးကြီးမောင်မောင် (တပ်မတော်လေ့ကျင့်ရေး)၊ ဗိုလ်မှူးကြီးအောင်ကြီး (ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဦးစီး)၊ ဗိုလ်မှူးကြီးသိန်းတုတ် (တပ်မဟာ ၆)၊ ဗိုလ်ချုပ်တင်ဖေ (စစ်ထောက်ချုပ်)၊ ဒုတိယဗိုလ်မှူးကြီးချစ်ခိုင် (မပခ စစ်ဦးစီး) တို့ စည်းဝေး။
ကြိုးပမ်းခြင်း
စက်တင်ဘာ ၁၇ လူယုံတပ်ရင်းများအား ကိုယ်စီတာဝန် ခွဲ။
စက်တင်ဘာ ၁၈-၁၉ လက်နက်ဖြန့်။
စက်တင်ဘာ ၂၄ နယ်မှလာသော ရဲတပ်စိတ်များအား တပ်က ထိန်းထား။
စက်တင်ဘာ ၂၅ နယ်ရှိ စစ်ရဲတပ်ရင်းများအား တပ်က ဝင်သိမ်း။ မပညတနှင့် ရဲဘော်ဖြူတချို့အား ဖမ်း။
တပ်က ပါလီမန်တွင် တင်ပြကာ လက်နက်တိုက်များမှ ထုတ်သွားသော လက်နက်တို့ကို ပြန်တောင်း။ အစုံမအပ်နိုင်သဖြင့် နိုဝင်ဘာ ၃၀ အထိ အချိန်ပေးရ။
ကိုးကား။ အထောက်တော် ရေး "ခက်ဖွယ်ရယ်ကြုံပါတယ် လက်နက်ကယ်စုံအညီနဲ့"
Comments
Post a Comment