စိမ်းမို့မို့

ငယ်ဘဝနှင့်ပညာရေး

၁၉၆၉ စက်တင်ဘာ မြန်မာ့အသံညွှန်ကြားရေးမှူး (အဆိုရှင် တက္ကသိုလ်အောင်ဖုန်း) ဦးအောင်ကြည်၊ ကုန်သွယ်ရေးမန်နေဂျာ ဒေါ်မြင့်ဆွေတို့က မွေး။ အမည်ရင်းမှာ စန်းယုကြည်။

မွေးချင်း ၃ ယောက်အနက် အကြီးဆုံး။

အထက(၄)တာမွေ၌ သူငယ်တန်းမှ နဝမတန်းထိတက်။ ဒသမတန်းကို စိန့်မေရီကျောင်းမှ အောင်။

၁၉၈၃ သတ္တဗေဒ(ဂုဏ်ထူးတန်း) ဖြင့် ဘွဲ့ရ။

အနုပညာခရီး

သတ္တမတန်းတွင် မြေယာနှင့်ကျေးလက်ကော်ပိုရေးရှင်းမှ ဘကြီးက မြေပဒေသာပွဲတွင် ဆိုစေ။ ဦးလေးနှင့် စန္ဒရားနီနီတို့က ယောက်မနှင့် ယောဆရာ တေး ၂ ပုဒ် ကျင့်ပေး။ ထို့နောက် ဒေါ်ကြည်ကြည်ဝင်းထံတွင် အဆိုသင်တန်း တက်ခဲ့သည်။

၁၉၈၀ ဒေသကောလိပ်(၁) တက်စဉ် သီချင်းဆိုပြိုင်ပွဲ၌ ပင်တိုင်စံ သီချင်းဖြင့် ဆုရ။

စန်းယုယုကြည်အမည်ဖြင့် ဓါတ်ပြား ၃ ချပ် ရဖူး။

၁၉၈၁ အလွမ်းငှက်မလေး စီးရီး စထုတ်။

Playboy၊ Brothers တီးဝိုင်းများဖြင့် လိုက်ဆို။

မိသားစုဘဝ

၁၉၉၇ တွင် အိမ်သို့လာလည်သော သင်္ဘောအရာရှိ စိုးသိန်းဦးနှင့် ချစ်ကြိုက်ရာ ၁၉၉၉ နိုဝင်ဘာတွင် အိမ်ထောင်ပြု။ သားသမီး မရှိ။

တကိုယ်တော်စီးရီးများ

  • အလွမ်းငှက်မလေး
  • အချစ်အားအင်
  • ‌‌ဆွေးတွေပေါက်
  • အချစ်နွေမိုးဆောင်း

လူသိများသီချင်းများ

  • မိုးသီချင်း
  • အပြုံးကိုအပြီးငှါးခဲ့
  • ငပလီကမျှော်နေမယ်
  • မျက်ဝန်းစကား
  • လွမ်းငွေ့ဝေဝေ
  • စတော်ဘယ်ရီချစ်သည်းရှင်
  • တောင်ပြာတန်းကမောင်စစ်သည်သို့
  • ရွှေမိုးညို
  • ချစ်သည်းစွဲ

ဘဝနိဂုံး

၂၀၂၃ ဇွန် ၂၃ ရန်ကုန်ရှိ Green Cross ဆေးရုံ၌ သေ။ ကင်ဆာရောဂါကို ကာလရှည် ခံစားရသူ။

Comments