မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ်(၁) တက်။ ဂျပန် ဘုရင့်စစ်တက္ကသိုလ် သွား။
၁၉၄၆ အရာရှိဖြစ်။ ကြည်း-၃၆၁၆။
၁၉၅၂-၅၄ အင်္ဂလန်သို့ ပညာသင်သွား။
၁၉၅၉ ဗိုလ်မှူးကြီးအဆင့်ဖြင့် အမေရိကန်စစ်သံမှူး။
၁၉၆၄-၆၉ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး။
၁၉၆၉ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး။
၁၉၇၁ တပ်မှ အငြိမ်းစားပေး။ စီမံရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး။
၁၉၇၄ ဒုတိယဝန်ကြီးချုပ်ပါ တွဲကိုင်။
၁၉၇၇ တတိယအကြိမ်ပါတီညီလာခံ၌ ဗဟိုကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခံရ။
၁၉၈၀ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ရာထူးများမှ နား။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် သုံးခွမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်ရာ အနိုင်ရ။
၁၉၉၁-၂၀၁၁ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး။
မိသားစုဘဝ
ဒေါ်တင်တင်မလေးနှင့် အိမ်ထောင်ပြုသည်။ သားသမီးများမှာ
- မောင်ကျော်ဆန်းလွင်
- မစုစုလွင် + မောင်ထင်ကျော်
ဘဝနိဂုံး
၂၀၁၁ ဒီဇင်ဘာ ၇၊ အသက် ၈၈ နှစ်တွင် သေ။
ဘွဲ့ထူးဂုဏ်ထူးများ
- လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)
- နိုင်ငံဂုဏ်ရည်(ပထမအဆင့်)
- သီရိပျံချီ
Comments
Post a Comment