နန်းတော်ရှေ့
ဆရာတင်
လေဘာတီ
မမြရင်
လက်ရေတပြင်တည်း
နှီးဒေါင်းလန်းတွေနဲ့
ဝိုင်းဖွဲ့ကာ စကားကြသည်
ခင်မဒီရင်
ခပ်ငယ်ငယ် မြူးကြပျော်ကြ
မြူးကြပျော်ကြ တေးဆိုကြ
ဟေ့
သူငယ်ချင်းရေ ဒို့နယ်ပယ်တွင်
မိုးသက်ကယ်ဆင်
ရှင်ခွင်ကမဲ
မိုး … ရွာမလိုလိုနဲ့ပဲ
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်
ခင်ခင်မင်မင်
လက်ရေတပြင်တည်း
ရှေးကထက်
ပိုချစ်ကြတယ်
တောရွာသူတို့အိမ်ဝယ်
မြိန်ဖွယ်ပထမင်း
မိုးမျှော်ငရုတ်သီးတောင့်နဲ့
ကိုဘိုကေရယ်
ဒေါင်းလန်းကြီးရဲ့အလယ်
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်
ခင်ခင်မင်မင်
လက်ရေတပြင်တည်း
ရှေးကထက်
ပိုချစ်ကြတယ်
မိုးတိမ်ယံအာကာဝယ်
ယာပြင်လမ်းမှာလ
ထန်းပင်ထန်းလက်ထန်းရွက်တွေက
အသွယ်သွယ်ပါ
မောင်ရယ်
မိုးတိမ်ယံအာကာဝယ်
ယာပြင်လမ်းမှာလ
ထန်းပင်ထန်းလက်ထန်းရွက်တွေက
အသွယ်သွယ်ပါ
မောင်ရယ်
မြရင်တို့ရွာ
ရိုးရာဇာတိနွယ်
ဪ
… လမ်းစဉ် လမ်းဆက် လမ်းမျက်စိတောင်မှ
လယ်ပါတယ်ကွယ်
ပျိုရဲ့
ညိုနွဲ့ ကြိုလှဲ့ပါ့ဆံကေသွယ်
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်
ခင်ခင်မင်မင်
လက်ရေတပြင်တည်း
ရှေးကထက်
ပိုချစ်ကြတယ်
တစို့ပေါ်မှာ
ကင်တယ်မောင်ရယ်
ဆူရင်ခတ်ပြီး
ဆူးပုပ်ကန်စွန်းပေါင်းနဲ့
ရေဒုံဒင်ဝယ်
သောင်းပြောင်းရောလို့နယ်
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်
ခင်ခင်မင်မင်
လက်ရေတပြင်တည်း
ရှေးကထက်
ပိုချစ်ကြတယ်
ချောင်းပေါ်မှာ
ဖြတ်လာပါတဲ့ ပဒတ်ကလေး
နီကျင်ကျင်ရယ်
နွယ်ကြိုးမျှင်နဲ့သွယ်
ဪ
… ငယ်မူမဖျောက်နိုင်ပါဘူး
ပျော်ပျောက်ဖွယ်
လွမ်းပါဘိတယ်
ပျို့ဇာတိနွယ်
နှစ်တိုင်းဆက်ထွန်
ကြက်သွန်ခင်းရဲ့အလယ်
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်
ခင်ခင်မင်မင်
လက်ရေတပြင်တည်း
ရှေးကထက်
ပိုချစ်ကြတယ်
သတ်ပုံမှန်အတိုင်း တင်ပေးသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ReplyDelete