ဆရာထာ
ဩဘာသောင်း
ကရုဏာကြာလေ
သာလို့ကောင်း
ခင်ခင်ပျိုသောင်း
ဟောင်းလေသစ်လေ
ရိုးရိုးသားသားစကားလက်ဆောင်
အများနဲ့လဲ
မတူပေါင်
ဆိုတာပဲမောင်
ညိုပြာမဲမှောင်
မျက်နှာပြောင်ပြောင်မကြည့်ချင်
မြင်ချင်ရက်သား
အသားရယ်ဖြူဖြူ
လူပေမို့လား
အသားတော်
ညိုပြာညက်တယ် နန်းတော်ထက်ဖွား
ဆိုစကားနဲ့ညီလေအောင်
ဩဘာသောင်း မသောင်း'က'ရင်
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
ပေါ်ပြူလာဘလူးဘလက်နက်ပြာရောင်
ညိုတိုတို
မသောင်းတင် သာလို့ပင်
ကောင်းအောင်
ချစ်တဲ့ငယ်ရည်းစား
ကြိုက်တဲ့ ငယ်ရည်းစား
အားတိုင်းကိုကိုလှောင်တဲ့ရှင်
သက်ဝေရက်ရှည်နေကြာ
ဘယ်နှာလဲမောင်
ယောင်တောင်တောင်
ဪကြည့်ပါလား
သူများမခံချင်အောင်
အသားရယ်ဖြူဖြူ
လူပေမို့လား
အသားတော်
ညိုပြာညက်တယ် နန်းတော်ထက်ဖွား
ဆိုစကားနဲ့ညီလေအောင်
ဩဘာသောင်း မသောင်း'က'ရင်
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
ပေါ်ပြူလာဘလူးဘလက်နက်ပြာရောင်
အို
… လှယဉ်ကျေးက တပေါင် သေးသေးကွေးကွေး
ခင်လေးကိုသာ
မေတ္တာခင်ယောင်ယောင်
ကြာလေငယ်လေ
မသောင်းတင်မှာ ဒါမျိုးရိုးလို့ရှောင်
ကြာလေငယ်လေ
မသောင်းတင်မှာ ဒါမျိုးရိုးလို့ရှောင်
အသရေဆောင်
စန်းတလုံးကြောင့် သက်ဆုံးအိုနိုင်ပေါင်
ပုတက်တက်
မဲနက်ပြာညိုမှောင်
အသားရယ်ဖြူဖြူ
လူပေမို့လား
အသားတော်
ညိုပြာညက်တယ် နန်းတော်ထက်ဖွား
ဆိုစကားနဲ့ညီလေအောင်
ဩဘာသောင်း မသောင်း'က'ရင်
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
ပေါ်ပြူလာဘလူးဘလက်နက်ပြာရောင်
ဆရာထာ
ရှာရှာဖွေဖွေ
ဆရာထာ
ရှာရှာဖွေဖွေ
ဆဲ့သုံးနှစ်အရွယ်
ဆဲ့လေးနှစ်အရွယ် ကလေးမထက်
လှတယ်မှတ်အောင်
အရောင်တင်တွေ
မဆောင် ပေါင်ဒါတွေ မဆောင်
ဝိုင်အိုလက်ကြောင့်
နက်ပြာအသားတွေမှောင်
အသားရယ်ဖြူဖြူ
လူပေမို့လား
အသားတော်
ညိုပြာညက်တယ် နန်းတော်ထက်ဖွား
ဆိုစကားနဲ့ညီလေအောင်
ဩဘာသောင်း မသောင်း'က'ရင်
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
ပေါ်ပြူလာဘလူးဘလက်နက်ပြာရောင်
Comments
Post a Comment