နန်းတော်ရှေ့
ဆရာတင်
လေဘာတီ
မမြရင်
ကာမဘူမိ
သူ့ဂတိဟု ဇာတိလူ့ပြည်မှာ
သန္ဓေတည်သား
ဖွားရာဇာတိ
အဟုတ်ရင်းကိုခံ
ကျမတို့ရဲ့ ဘုတ်မင်းဂံ
လှိုင်နန္ဒမူ
သင်းကြူကြူ
သင်းပျံ့ကြူစွာ
လူမစိုက်ပါတဲ့
တောလိုက်ဘာသာ
မာလာပန်းကိုမှ လက်လှမ်းပန်ချင်စရာ
ပိတုန်းရောင်ကေသာ
ဖြန့်လိုက်ရင်
တကိုယ်လုံးဝေဝေဖြာဖြာ
လွင်လွင်
မင်းဂံဘုတ်ရွာသူများ
အသားတော်ဝင်းလို့ ဝါဝါရီရွှင်
ကြည်ကြည်လင်လင်
ပိတုန်းရောင်ကေသာ
ဖြန့်လိုက်ရင်
တကိုယ်လုံးဝေဝေဖြာဖြာ
လွင်လွင်
မင်းဂံဘုတ်ရွာသူများ
အသားတော်ဝင်းလို့ ဝါဝါရီရွှင်
ကြည်ကြည်လင်လင်
ရေကြည်သောက်ရင်
မြင်ရမလောက်ပင်
လည်တိုင်သေးသည်
ဘေးကြည့်က သာလို့ယဉ်
ရွှံ့နွံ့ထဲတွင်
ကောက်ပဲသီးနှံ တဖန်စိုက်ရာ
သွားကြည့်ပါတော့လဲ ခပ်ယဉ်ယဉ်
အရှေ့တပြင်ဗွေငူ
တောသူ တောင်သူ အပျိုပိုင်းက
နဂိုတိုင်းခပ်ယဉ်ယဉ်
ဪ
… ရှုစဖွယ် နုနယ် သူ့အရွယ်
ဪ
… ရှုစဖွယ် နုနယ် သူ့အရွယ်
မှုံမခြယ်ဘဲ
နဲနဲကမှ မပြုပြင်
ကိုယ်လုံးပေါ်နဲ့
ဝါဝါရီရွှင် ကြည်ကြည်လင်လင်
ဟိုတောင်ပေါ်ရိုးဆီက
မြူခိုးတွေလွင်
မိုးရွာမယ်မထင်မိပါလို့
ပါလာသည့်ရှာတဘက်ကလေး
ခေါင်းပေါ်တင်မိရင်ပဲ
သဲသဲမဲမဲရွာပြန်တော့
ခမျာကလေး ကင်မွန်းခြုံကွယ်နဘေးမှ
ပြေးကာဝင်သွားရှာတယ်
မင်းဂံဘုတ်ရွာသူများ
အသားတော်ဝင်းလို့ ဝါဝါရီရွှင်
ကြည်ကြည်လင်လင်
Comments
Post a Comment