ကိုရုပ်ဆိုး တေးထပ်

ထိတ်စရာလိပ်ပြာလှုပ် ပြိတ္တာရုပ်သဖွယ် မဲချက်ကကဲတက်ကြွယ် ကျွဲနက်ဝယ်မခြား ဂျီးသူဌေးမီးသွေးငိုသည် ကျီးမွေးကိုရှုံးရတကား ညစ်ထေးလို့ပြစ်ထွေးမှောင်တယ် သစ်စေးရောင်အလား အနက်တွင်မက်လင်သားပါပဲ မျက်မြင်အားအမှန် အမူမှာငါးခူရှုံးရ လဒူမုန့်ကျွမ်းသည့်သဏ္ဍာန် သပိတ်နှင့်ငချိတ်ဆန်လို မနိပ်ဟန်ဆင်ကွဲပ မင်ခဲနှင့်ပုလင်းဖင်လို မဲမှောင်လို့ညို မီးလောင်သည့်တုံးငုတ်တိုမှာ ပုံးစုတ်ကိုစွပ်ထားသို့လေး။ ။

စလေ ဦးပုည

Comments