ကျွန်တော် ဗမာပြည်ကမိန်းကလေးတယောက် မယ်ကမ္ဘာရွေးပွဲသွားတာ၊ အဲ့ဒီ မယ်ကမ္ဘာရွေးပွဲရဲ့ စည်းကမ်းက အပျိုမှ သွားရတယ်။ ဒီမိန်းကလေးက ကျွန်တော်တို့တပ်ထဲက အရာရှိတယောက်နှင့် ယူထားတာ သုံးလေးနှစ်ရှိပြီ။ အဲတာ ရုံးတက်ပြီးတော့ သူ အပျိုပါဘဲလို့ ကျမ်းကျိန်တာနဲ့ ရုံးမင်းက အပျိုဆိုပြီးတော့ လက်မှတ်ပေးလိုက်တယ်။
![]() |
| ဗိုလ်ချုပ်ကြီး နေဝင်း |
အဲဒီလက်မှတ်ကြီးနှင့် သွားပြီးတော့ ဟိုမှာ အရွေးခံတယ်။ ဒီအမှုမှာ ဆရာဝန်နှင့်စစ်ဖို့ မကောင်းဘူးလား။ ဆိုင်ရာ ယောက်ျားလုပ်တဲ့လူကို ခေါ်မမေးထိုက်ဘူးလား။ ဒီလို တရားစီရင်မှုမျိုးနှင့် ရုံးတွေကို အယုံအကြည်မရှိဘူး။ နောက်ဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ အဲဒီလို မဟုတ်တာမလုပ်နိုင်အောင် အတားအဆီးရှိရမယ်။
မယ်ဗမာ မစိန်အေးမှာ ဗိုလ်လှကြည် နှင့် လက်ထပ်ထားရာမှ မယ်ကမ္ဘာရွေးပွဲသွားရန် ရုံးစာတောင်းသွားသည်ကို ညွှန်းခြင်းဖြစ်သည်။
အိုးဝေ ဂျာနယ်
၁၉၆၉ နိုဝင်ဘာ ၁၅

Comments
Post a Comment