ဗမာ့တပ်မတော် စစ်တက္ကသိုလ်နှင့် ဗမာ့တပ်မတော်တိုက်ခိုက်ရေးကျောင်းကြီး နှစ်ကျောင်းကို ဖွင့်လှစ်လိုက်ပြီ
၁၉၅၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီ၊ မိနစ် ၂၀ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လောက်ဆောက် (ယခု ရပ်စောက်) မြို့နှင့် တမိုင်ခွဲအကွာရှိ ဗထူးတပ်သစ်မြို့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် တက်ရောက်၍ ဖွင့်လှစ်လိုက်ကြောင်း၊ အခမ်းအနားသို့ လူမျိုးစုလွှတ်တော်နာယကကြီး စောရွှေသိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားဝန်ကြီးများ၊ စစ်သေနာပတိချုပ် မဟာသီရိသုဓမ္မ ဗိုလ်ချုပ်နေဝင်းနှင့် တပ်ပေါင်းစုံမှ အရာရှိကြီးများ၊ နိုင်ငံခြားသံအမတ်ကြီးများ၊ ပါလီမန်အတွင်းဝန်များ၊ ရှမ်းစော်ဘွားများ၊ အထူးဧည့်သည်တော်များနှင့် သတင်းစာဆရာများ တက်ရောက်ကြကြောင်း။

ပြည်ထောင်စုသား သတင်းစာ
အတွဲ (၄) အမှတ် (၇)
၁၉၅၅ မတ် ၃
Comments
Post a Comment