မြန်မာနိုင်ငံတော်ဥပဒေပြုကောင်စီအဖွဲ့သို့ မော်လမြိုင်မြို့မှ အများဆိုင်ရာရွေးကောက်တင်မြှာက်သူလူစုက တင်မြှောက်လိုက်သော ဒေါ်နှင်းမြမှာ မြန်မာနိုင်ငံတော်ဥပဒေပြုကောင်စီအဖွဲ့သို့ အမျိုးသမီးများမှ ပဌမဦးစွာ ရွေးကောက်တင်မြှာက်ခံရသူ ဖြစ်လေသည်။ မြန်မာနိုင်ငံဥပဒေပြုအဖွဲ့ လွန်ခဲ့သည့် အစည်းအဝေးပဌမနေ့တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သူ ဒေါက်တာ အန် အန် ပရက် က အောက်ပါအတိုင်း ဒေါ်နှင်းမြအား ချီးမွမ်းစကား မိန့်မြွက်ပြောကြားလေသည်။
"ယနေ့ ကျွန်ုပ်တို့နှင့်အတူ ရောက်ရှိနေသော အမျိုးသမီးမှာ ပဌမဦးဆုံး ရွေးကောက်တင်မြှောက်ခံရသော အမျိုးသမီးမင်းတိုင်ပင်အမတ်ကို ကျွန်ုပ်က ချီးမွမ်းစကား ပြောကြားလိုပါသည်။ ၎င်း၏ အလွန်ကောင်းမွန်သော စံနမူနာကို နောက်ထပ်များစွာတို့ကလိုက်လျက် ဤဥပဒေပြုအဖွဲ့သို့ ဝင်ရောက်လာကြလိမ့်မည်ဟု ကျွန်ုပ် မြော်လင့်ပါသည်။ ၄၈ နှစ်ကျော်က ဤမြန်မာနိုင်ငံတော်သို့ ကျွန်ုပ် ရှေးဦးစွာ ဆိုက်ရောက်လာ၍ ဝမ်းဆွဲနှင့် မိန်းမရောဂါကုအလုပ်များကို စတင်လုပ်ကိုင်သောအခါ လူမျိုးအားလုံးတို့မှ မိန်းမပေါင်းများစွာတို့နှင့် တွေ့ရသည်ဖြစ်ရာ အထူးသဖြင့် မြန်မာလူမျိုး မိန်းမများကို အထူးအခြား တွေ့ရပါသည်။ ၎င်းတို့သည် အလုပ်ကို ကြိုးကြိုးပမ်းပမ်းလုပ်ခြင်း၊ အသိဉာဏ်ရှိခြင်း၊ အလုပ်ပီသခြင်းများကို တွေ့ရှိပေသည်။ ၎င်းတို့မှာ ကျန်းမာချမ်းသာလျက် အစဉ်သဖြင့် ရွှင်ရွှင်ပျပျရှိသည်ကို ဝမ်းသာဘွယ်ရာ တွေ့မြင်ရသည့်ပြင် ဈေးများတွင်ပင် အလုပ်ပီသစွာ ရောင်းရေးဝယ်မှုအလုပ်များကို လုပ်ကိုင်လျက် ရှိကြပေသည်။ ဤလက္ခဏာအင်္ဂါများကို ထောက်၍ မြန်မာအမျိုးသမီးများသည် မိမိတို့ဆိုင်ရာက ကြန့်ခိုင်စွာဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ကျွန်ုပ် ထင်မှတ်သည်ဖြစ်ပါကြောင်း"
ဓာတ်ပုံကို Rangoon Daily News မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။
သူကြီးဂေဇက်
အတွဲ (၆) အမှတ် (၄)
၁၉၃၃ ဇွန် ၂၅
Comments
Post a Comment