ငွေစိန် လှေလှော်ရင်း တက်ကျိုးခြင်း


သိန်းဖေမြင့်


စာအုပ်ပါ စာသားအချို့

သူမသည် မျက်စိသူငယ်နှင့် ကျွန်တော့်အား ငေးကြည့်နေရာမှ ဘေးပတ်လည်ကို လူသူလေးပါး အကဲခတ်သည့်သဘောဖြင့် လှည့်ကြည့်နေလေသည်။ အနားတွင် မည်သူမျှမရှိပေ။ နောက် မျက်စိပေကလပ်ပေကလပ်လုပ်ပြီး နှုတ်ခမ်းကို ကိုက်နေသည်။
ကျွန်တော်က စားပွဲကို ဒူးနှင့်တွန်းပြီး ကုလားထိုင်ကို နောက်ယိမ်းသွားအောင် ထိုင်လိုက်ပြီး
'ဘယ့်နှယ်လဲသူငယ်မ ပေးနိုင်ပါ့မလား'
သူမသည် သက်ပြင်းကြီးချလိုက်ပြီး
'ငွေတော့ မပေးနိုင်ပါဘူးရှင်။ အဟမ်း ... ကျွန်မဆီက ဝတ်လုံတော်ရမင်း လိုချင်တာ စိတ်ရှိလက်ရှိယူပါ'


Comments