မြိုင်


ဒဂုန်တာရာ

စာအုပ်ပါ စာသားအချို့

အသားချင်းမှာ ကပ်နေသဖြင့် တယောက်သွေးတိုးတာကိုတယောက် သိမယ်ထင်တာဘဲ။ အဖက်မှာ တိုး၍တိုး၍သာ ကြမ်းလာသည်။ အသားချင်းမထိနေရာတွင် အဝတ်ပါးကလေးသည် ကွာကျသွားသည်။
ဒါနှင့် အဲဒီကမ္ဘာကြီးထဲ ရောက်သွားတော့သည်။ ကမ္ဘာကြီးထဲမှာ တောင်ကို တက်ရတာဘဲ။ ချိုင့်တခုတွေ့လို့ ခလုတ်တိုက်လဲသည်။ သို့သော် နာတာကို သတိမရနိုင်။ တောင်ထိပ်ကိုသာ ရောက်ချင်နေသည်။ ပန်းပွင့်တွေ၊ လိပ်ပြာတွေ၊ စမ်းချောင်းတွေ၊ တောင်ဘေးက လှမ်းဆွဲလို့ရမယ်ထင်တဲ့ တိမ်ဖြူလိပ်တွေ။ အမြင့်ရောက်လေ မူးလာလေ။ ည၏စွန့်စားခန်း။
တောင်ပေါ်တက်ရတာ မော၊ ပြန်ဆင်းရတော့လည်း မောသလိုလို။ သို့သော် နောက်ထပ်တောင်တခုကို တက်ချင်ကြပြန်သတဲ့။

Comments