မေ


ဒဂုန် တာရာ (ကိုဌေးမြိုင် ကလောင်ဖြင့် ရေးသည်)

စာအုပ်ပါ စာသားအချို့

သူသည် မေ့ကိုတွေ့ရာ၌ အနည်းငယ်မျှ မအံ့ဩ။ မေကလည်း ဘသိန်းကို သူဘာကြောင့်လာရသည်ကို ပြောမပြ။ သူ့ကိုချစ်သေးသည်ကို မေ တွေ့ရသည်။ သူချစ်သည့်အချစ်မှာလည်း တမျိုးဖြစ်၏။ ဒီလိုအချစ်မျိုးနှင့်သာ မေနှင့်ထိုက်တန်သည်။
အစိမ်းအနားကွပ်နှင့် ပြာခံရေခဲချည်စောင်သည် မေ၏ရင်မှ လျှောကျသွားလေပြီ။ မေ၏ ပိုးတွန့်လုံချည်ပေါ်တွင် ဘသိန်း၏လက် တင်ထား၏။ မေ၏ပါးနှင့် သူ၏ပါးတို့သည် အပ်ထားကြ၏။ ဒီလို အောက်တန်းစားဘဝတွင် ဒီအရာများသာ မေ့ကို ကြည်နူးစေသည်။ အကုန်လုံးကို မေ့စေသည်။ ဒီလို လူတကာနှင့်ပလူးရသည့် ဖာသယ်ဘဝသာ သူ့နကိုစရိုက်နှင့် ကိုက်ညီလှသည်။
အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့။

Comments