မကြည်အောင် (၁၈၉၉ ဝန်းကျင် - ၁၉၅၆) သည် အဆိုတော်၊ အငြိမ့်နှင့်ပြဇာတ်မင်းသမီး ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-_okxWjDSxkn6u4DauT3FgOMjCvbl9QGovMtWa0IYy06n1RAxyHTB1eBP0Er2e7XLd0UHlHG45VqomNg-6_7SQZCXFYupYA5RkRTqEpoGs4J5_EA347IvXNWKki9JiRPvqCy8lb4roG7/s1600/kyi-ag.jpg)
ငယ်ဘဝ
ရန်ကုန်မြို့၊ ပုဇွန်တောင် စက်ဆန်းရပ်နေ ကုန်သည် ဦးဘိုးကြူ၊ ဒေါ်ရီတို့မှ မွေးသည်။ မောင်နှမ ၁၄ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ ငယ်မည်မှာ မသန်းတင် (ခ) မခင်ကြည် ဖြစ်သည်။
အကအခုန် ဝါသနာကြီး၍ မိဘများက စက်ဆန်းရပ်နေ ဇာတ်ဆရာ ဦးလွမ်းထံ အပ်သည်။
အနုပညာခရီး
ပုဇွန်တောင်တဝိုက်တွင် နာမည်ရလာပြီးနောက် လူရွှင်တော် ဦးကျော်ရွဲ၏ အငြိမ့်သို့ ဝင်သည်။ ချန်ပီယံ မကြည်အောင် ဟူ၍ ထင်ရှားလာသည်။ အသက် ၁၃ နှစ်ခန့်ကပင် ခေါင်းဆောင်မင်းသမီးအဖြစ် ကနိုင်ပြီ ဖြစ်သည်။
ပညာဆက်သင်ရန် မန္တလေးတက်သည်။ ဩဘာစိန်၊ အယ်လယ်စိန် တို့၏ အငြိမ့်သို့ ဝင်ကာ ပညာယူသည်။ အသက် ၁၄ နှစ်တွင် ကိုယ်ပိုင်အငြိမ့်ထောင်သော် ဩဘာစိန်၊ ဒေါင်းယဉ်ပျံ တင်လှိုင်တို့နှင့် တွဲကသည်။
အရှေ့ပိုင်းဆရာချစ်၏ အဆက်အသွယ်နှင့် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီတွင် အဆိုတော်ဖြစ်လာသည်။ ကိုလေအိုး သီချင်းမှာ နိုင်ငံအဝှမ်း ကျော်ကြားသွားသည်။ ဓာတ်ပြားအဆိုတော် ဖြစ်လာသည့်အခါ အငြိမ့်အမည်မှ ချန်ပီယံဖြုတ်ကာ မကြည်အောင်ဟု ယူသည်။
၁၉၃၂ ခုတွင် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသို့ ရွေ့သည်။ ခင်ပွန်း ကိုဘနှစ်မှာ ဓာတ်ပြားထုတ် ကြီးကြပ်သူ ဖြစ်လာသည်။ ကိုလံဘီယာ၌ ပထမဆုံးသွင်းသော သီချင်းမှာ ဒဂုန်ဆရာတင်၏ တရုပ်ပြည်မြကျောက်လွှာ ဖြစ်သည်။ နာမည်ကျော် ဂီတစာဆိုများဖြစ်သည့် လှည်းတန်း ဦးလူကလေး၊ အရှေ့ပိုင်း ဆရာချစ်၊ နန်းတော်ရှေ့ ဆရာတင်၊ ဒဂုန် ဆရာတင်၊ ရွှေဂုံညွန့်၊ ရွှေတိုင်ညွန့်၊ သဟာယ ဆရာတင်တို့၏ သီချင်းများကို ဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ် မစမီအထိ ဓာတ်ပြား ၁၀၀ ကျော် သွင်းခဲ့သည်။ စစ်အတွင်း ဓာတ်ပြားလုပ်ငန်း ပျက်သည့်အခါ ခေတ်သစ်ရာဇဝင် အမည်ဖြင့် ပြဇာတ်အဖွဲ့ထောင်ကာ ကသည်။![]() |
'နောက်ဆုံးဘတ် အိတ်နှင့်လွယ်' ဓာတ်ပြားကြော်ငြာ |
စစ်ပြီးနောက် ရန်ကုန် ပန်တျာကျောင်း ဖွင့်ရာ အကနည်းပြအဖြစ် အမှုထမ်းသည်။
သီဆိုသော သီချင်းများ
- ကမ္ဘာ့မဏ္ဍိုင်
- ကမ္ဘာတလွှား
- ကြံတိုင်းအောင်
- ကြက်ဥအရောင်
- ကြောက်ရင် မသောက်နဲ့
- ကလေးအမေ
- ကိုလေအိုး
- စကားတောင်စား
- စိတြဂီဝါ
- စုံတော်မြိုင်
- စွယ်တော်ခိုးခန်း
- ဆိုလေ ကဲလေ
- ဇာတိနွယ်
- ဇာတိပုည ဂုဏ်မာန
- ညှော်ကြမယ်နော်
- ညီလာခံ
- တပင်ရွှေထီး
- တီးပါတီ
- တေ ဇ သု နေ မ
- တေဇဂုဏ်
- တောင်သူပျို
- ထင်းထမ်းရာဇာ
- ဓမ္မစကြာ
- ဓာတ်တော်ဝေခန်း
- နီးအောင်ပင် လှမ်း
- နောက်ဆုံးဘိတ် အိတ်နှင့်လွယ်
- ပဉ္စင်းအမ
- ပန်းဥယျာဉ်
- ပြဒါးတလမ်း သံတလမ်း
- ပြူစောထီး
- ပလီတာ
- ပလ္လင်ရှင်းတမ်း
- ဗမာ့ခေတ်
- ဗမာ့သွေး
- ဗောဓိပင်နဲ့ ရွှေပလ္လင်
- မချစ်ဘဲ မနေနိုင်
- မင်းခမ်းမင်းနား
- မယ့်အာရုံ
- မြွေကြီးနှစ်ကောင်
- မိဘမေတ္တာ
- မိုးပဇ္ဇုန်
- ရှမ်းကြိုက် နွားချော
- ရာသီတော်ဦး
- ရွှန်းရွှန်းဝေ
- ရွှေတိဂုံသမိုင်း
- ရွှေပဒေသာ
- ရွှေလမ်းငွေလမ်း
- လရေး နှစ်ချောင်းငင်
- လေယာဉ်ပျံ
- ဝှပ်ဆိုတာ ဘာလဲ
- ဝါဆိုဥပုသ်
- ဝိစိတြ
- သင်္ကန်းဂုဏ်ရည်
- သန္ဓေသူ
- သပြေခက်နဲ့ ရေပက်
- သမဝါယမ
- သားရွှေခဲ
- သာသနာ့ဒါယကာ
- သီတာရတနာ
- သုံးရောင်ခြယ်
- သုံးရွေ့လယ်
- သော်တာရောင်
- ဟောင်း အိုး မကြည်အောင်
- အင်္ဂုလိမာလ
- အဝယ်တော်
- အာရောဂျံ
- အိုးဝေဝေ
- အိုင်ဆေး
- အောင်နိမိတ်
- အောင်ဗလ အလွမ်းပြေ
- ဣစ္ဆာသယ
- ဥပါသကီ
- ဥပုသ်သည်
- ဦးနု စကားပုံ
မိသားစုဘဝ
အသက် ၂၂ နှစ်တွင် ဧရာဝတီ သင်္ဘောစာရေး ကိုဘနှစ်နှင့် လက်ထပ်သည်။ ကိုဘနှစ်သည်လည်း အနုပညာပိုးရှိရာ စက်ဆန်းအိမ်မှာ အနုပညာသမားများ၏ စားကျက်ဖြစ်လာသည်။
Comments
Post a Comment