ဂျပန် စစ်လျော်ကြေး

ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးရန်ရှိသော စစ်လျော်ကြေး သန်းပေါင်း ၂၅၀ အနက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစိပ်အပိုင်းတွင် နည်းစံနစ်သစ်အရ ဂျပန်ဗမာ သဘောတူညီမှုများ ရရှိပြီဟူ၍ တိုကျိုမြို့မှ သတင်းတရပ် ရရှိပေသည်။

သဘောတူချက်များ

တိုကျိုမြို့သို့ သွားရောက်ဆွေးနွေးလျက်ရှိသော မြန်မာအစိုးရ စက်မှုလက်မှုမစ်ရှင် အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဗိုလ်ခင်မောင်နှင့် ဂျပန် ခေတ္တနိုင်ငံခြားရေးဝန်ကြီး တာကာဆာကီတို့ သဘောတူညီကြသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်ဟု သိရှိရပေသည်။

(၁) ဂျပန်ဗမာ ဖက်စပ်လုပ်ငန်းတွင် မူလသဘောတူခဲ့သော ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းအစား လုပ်ငန်းကိုလိုက်၍ မြန်မာ ၈၀၊ ဂျပန် ၂၀ သို့မဟုတ် မြန်မာ ၉၀၊ ဂျပန် ၁၀ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ရန်။
(၂) ဂျပန်က စီမံခန့်ခွဲပြီး ထိုသို့စီမံခန့်ခွဲသည့်အတွက် အုပ်ချုပ်မှုစရိတ်ကို မြန်မာအစိုးရက ပေးရန်။
(၃) သဘောတူညီချက်အရ ချည်စက် ၂ စက်၊ မော်တော်ယာဉ်တပ်ဆင်ရေး စက်ရုံတရုံနှင့် မြေဩဇာစက် ဆောက်လုပ်ရန် စသည်တို့ ဖြစ်ပေသည်။

"၂ ပတ်အတွင်း အရေးကြီးသော ကမ္ဘာ့သတင်းများ"
ဖဆပလ ဂျာနယ်
အတွဲ (၁) အမှတ် (၇)
၁၉၅၇ ဇန်နဝါရီ ၁

Comments