'မ' ဆိုလျှင် တေးထပ်

ဆယ့်လေးနှစ်ဖူးစတောင် ဘီလူးမထင်တယ် တဦးမှခင်တွယ်ပေါင် စင်ကြယ်တဲ့စိတ်ဇော မိန်းမကလက်ကုတ်လာတောင် စက်ဆုပ်တာများတဲ့သဘော ပုဂ္ဂိုလ်မြတ်တောင်ဖီလာလို ချောင်မှီကာစုံတော မောင်သည်ခါးပုံလျှောလို့ တုံဏှိဘောနေချင် နတ်ကညာလာ၍စီးသော်လည်း သဘက်ကြီးမောင့်စိတ်ကထင် မတလို့ဘွကိုခင်ပေါင် မဆိုလျှင်ရွှေဓါးမနှင့် ခြေမလက်မကိုပယ် သိမ်းဖြတ်တော့မယ် ပိန်းကောမလှေငယ်ငယ်တောင် ဖေတကယ်စီးချင်ဘူးလေး။ ။

စလေ ဦးပုည

Comments