မင်းဆိုသမျှ ကွင်းရှောင်မယ် တေးထပ်

လက္ခဏာဟန်မကျချင်တော့ အနန္တတခက်ထွေ ကံမမှအသက်ရှည်မယ် ကျမျက်ရည်ယိုဆင်း တွေးမိတိုင်းစိတ်နာတယ် မအိပ်တာလေးညအလင်း ကာလကိုထောင်းချင်သည် ကြောင်းအင်နော်မရှင်း ကောင်းချင်သော်နုံဖျင်းလို့ ဒုံရင်းသို့လှည့်မယ် မချိလို့ပေါ်တဲ့သွားတောင် ရယ်သလားမေးကြလေတယ် စကားကြောင့်တရားကွယ် အလားဝယ်ကုန်ခမ်းလို့ ဘုံနန်းမြင့်အဆောင်ဆောင် ကင်းရလေအောင် မင်းဆိုသမျှကွင်းရှောင်မယ် ထမင်းတောင်စားချင်ဘုလေး။ ။

စလေ ဦးပုည

Comments