အောင်မြင်ရွှင်လန်း ငြိမ်းချမ်းကုန်ကြ၍ အဘထံမှောက် လာရောက်ကြသည်သာ ဖြစ်ပါစေသောဟု သဘောအနေတွင် မသေခင်ကို မြင်ချင်လှပါသေးသောကြောင့် မွေးသည့်ဘခင် ကြည်လင်ချိုသာ မေတ္တာစကား မှာကြားအပ်သည် သားမောင်နှစ်ဦးတို့ ...
ဘခင်တို့ထံ မပြန်မလည် နေ့ရှည်လများ လေးငါးခြောက်နှစ်ကြာထင်၍ ဘခင်ကတဖျောက်ဖျောက် အောက်မေ့ဟန်အသွယ်သွယ်ကို ဘယ့်နှယ်ပင်ပုံဆောင်သော်လည်း မောင်တို့မယုံသေး ကိုယ်မွေးဘူး၍ ကြုံဘူးခါမှ ငါ့ဘစင်စစ် တကယ်ပင်ချစ်သည်ဟု သိရစ်ရှာကြလေတော့မည် အတည်တည်တစေ့စေ့ အောက်မေ့သည့်နှလုံးထားမှာ ဘုရားလောင်းလျာနှင့် အာနန္ဒာအလောင်း ပေါင်းညီနောင်နှစ်ဦး တောကျူးမြိုင်ခြေ နေသည်ကာလ မိဘကိုကြည်ဖြူ၍ သူမွေးရကောင်း ငါမွေးရကောင်း နှလုံးထားနှင့် သုံးစားရာသစ်သီးကိုပင် သူ့ထက်ငါအလျင်ဦးအောင်ပေး၍ မွေးဘူးကြသည့်ထုံးစံကိုမှီလျှင် ညီနောင်နှစ်ယောက် အကြံကောင်းပေါက်၍ အောက်ရွာကျေးရပ်မြေက ရှာဖွေခဲ့သည့်ဥစ္စာနက်ကို သူ့ထက်ငါအလျင်ဦးအောင်ပင် ဘခင်တို့ထံ ကြံဆောင်ရုံးစု၍ ယခုလာတော့မည်နှယ်ပင် ထင်စား၍ရှိပါသည်။
ဖြူယောင်နှင့် မဲတတ်သည်၊ ဟုတ်ယောင်နှင့် လွဲတတ်သည်။
ဖြူယောင်နှင့် မမဲပါစေနှင့်၊ ဟုတ်ယောင်နှင့် မလွဲပါစေနှင့်။
အထင်နှင့် မဆီမဆိုင် ရှိတတ်သည်၊ အမြင်နှင့် မညီနိုင် ရှိတတ်သည်။
အထင်နှင့် ဆီစေချင်ပါသည်၊ အမြင်နှင့် ညီစေချင်ပါသည်။
သို့ရာတွင် ခုကာလမိုးခေါင်သကဲ့သို့ ရွာယောင်နှင့် မရွာဘဲ ပြေတတ်သည်၊ လာယောင်နှင့် မလာဘဲ နေတတ်သည်။ ရွာယောင်နှင့် မရွာဘဲ မပြေစေချင်ပါ၊ လာယောင်နှင့် မလာဘဲ မနေစေချင်ပါ။ မိုးကိုလည်း ရွာစေချင်ပါသည်၊ သားကိုလည်း လာစေချင်ပါသည်။ မိုးမရွာ၍ တတိမ်လုံး သင်းကွဲသည်၊ သားမလာ၍ တအိမ်လုံး ဆင်းရဲသည်။ မိုးရွာမှ ဝမ်းသာသည်၊ သားလာမှ ချမ်းသာမည်။ မိုးတပေါက်မျှလည်း မရွာပါ၊ သားတယောက်မျှလည်း မလာပါ။
ဇရာကလည်းနှိပ်စက် နေ့ရက်ကိုပြောင်းရွှေ့၍ အောက်မေ့ရအဘန်ဘန် အတန်တန်စိတ်မချမ်း ပင်ပန်းသည့်သဘောနှင့် တောမှာနေလည်းမကောင်း ကျောင်းမှာနေလည်းမငြိမ် အိမ်မှာနေလည်းမှုမပြီး အသီးသီးဗျာပါများ၍ တရားကိုဆင်ခြင်ရသည်လည်းတချက်၊ သားကိုမြင်ချင်လှသည်လည်းတဘက်၊ အချက်ပင်မကျ ကာလနှင့်လည်းကြုံ အလုံးစုံကြောင့် အားကုန်စိတ်ဆွေး ရှေးအခါကဲ့သို့မဟုတ် ညှိုးရုပ်မရွှင် မသေခင်ကို မြင်ချင်လှသည့်စိတ်ထားနှင့် မှာကြားလိုက်ပါသည် စာရောက်လျှင်ရောက်ခြင်း လျင်ပြင်းမကြာ လာရောက်ပါမှ ဘဝပင်စွန့်သော်လည်း မရွံ့မစောင်း ပြောင်းနိုင်တော့မည်ဖြစ်၍ လွမ်းသစ်ဆင်ကာ မှာလိုက်ပါသည် သားမောင်နှစ်ဦးတို့။

Comments
Post a Comment