သူပြောင်လျှင်ခေါင်ကွန့်လို့ ကြောင်ဝံ့တဲ့လူပါ ရှောင်မတွန့်ကျောက်သော်မာလျှင် နောက်တော်ပါသံချောင်း ပျော့မယ်ပညီလွယ်လျှင် ရွှေဆီဝယ်ချက်သည့်ဖယောင်း အိုးတော်ကပဲ့ပိန်ပိန် ရွဲ့လိမ်လိမ်စလောင်း သူချိုလျှင်ကြံချောင်းပ ဉာဏ်တစောင်းခါးမူ တမာပင်ထိပ်ဖျားက ကြက်ဟင်းခါးသီးနိုင်တဲ့လူ သူမဲကမှောင်ကူမယ် သူဖြူလျှင်ဖြူချင်းပ ကြင်ချင်းကြင်မယ်ဆို ကိုးဆလောက်ပို ဆိုးကြစို့တကယ်ဆိုလျှင် ဓါးပြဗိုလ်လုပ်နိုင်ငဲ့လေး။ ။
စလေ ဦးပုည
Comments
Post a Comment