စူရတီတလိုင်းမ မှိုင်းကျလို့မွေးလာ ရိုင်းမဟာ့ပဂေးချာ ခွေးသာသာ'သာအိုး' ဈေးတော်ရုံမင်္ဂလာ လူမြင်ရာဓားပြလို့ခိုး သူကောင့်သားတန်းပြန် သရမ်းဉာဏ်နွားသိုး ကြငှန်းစံယူပျိုးလို့ လူဆိုးကမြို့ဝန် စလေကိုအသေချွတ်မယ်လို့ ငကေဝဋ်ကျေးဆက်ကံကျွန် လောင်းမဟော့်ဉာဏ်တံခွန်လို အကြံချွန်မောင်ညို့ကြောင့် မသေမြို့ရွာစည်ပျော် ချမ်းသာရနော် 'ခင်သုံမိ'လွတ်ရေးဖော်သည် ကျေးမဟော်တနှုန်းပလေ။ ။
အသက်လွတ်၍ မော်လမြိုင်အရောက် ၁၂၂၈ ခု၊ ပြာသိုလဆန်း ၉ ရက်၊ (၁၈၆၇ ဇန်နဝါရီ ၁၃) တနင်္ဂနွေနေ့၌ ဦးညိုအား ရေးပေးသည့် တေးထပ်
Comments
Post a Comment