ကျွန်တော့်သူငယ်ချင်းတဦး၏ ကိုယ်တွေ့အဖြစ်အပျက်တခု ...
"ဟေ့ ... ဖါတွေ ဘမ်းကုန်ပြီကွ"
"အေး ... အဲဒါဘာဖြစ်သလဲ။ မင်းအဆက်တွေ ပါသွားလို့လား"
"မင်းက နာမည် မဖျက်စမ်းပါနဲ့ကွာ။ ငါက ဆင်းရဲသားလူတန်းစားအရေးကို ကြည့်ပြီး ပြောဒါပါ။"
"အမယ် ... မင်းက ဆင်းရဲသားလူတန်းစားဆိုတဲ့ ဘုံသမားလေသံတွေဘာတွေ သုံးလို့ပါလား"
"သုံးဒါပေါ့ကွဲ့။ ငါက သခင်ဗိုလ်ရေးတဲ့ ကားလ်မတ်စ်ဝါဒ နဲ့ ဘုံသမားရေးတဲ့ စံနစ်ကျသော ဘုံဝါဒ စာအုပ်တွေကို ဘတ်ထားဒါကိုး။ ဒါနဲ့ ငါပြောချင်ဒါက ဒီလိုကွဲ့။ အစိုးရက ပြည့်တန်ဆာနှိပ်ကွပ်ရေး (ပြင်ဆင်ချက်) ဥပဒေကြမ်းကို အခု လွှတ်တော်မှာ တင်တော့တယ်။ ပုလိပ်တွေကလဲ ပြည့်တန်ဆာမ နှိပ်ကွပ်ရေးဆိုပြီး ဖါတွေကို ဘမ်းတယ်။ ဖါခေါင်းတွေကိုလဲ ဘမ်းတယ်"
"အဲဒါ ဘာဖြစ်သလဲ။ ဖါတွေဘမ်းတဲ့အကြောင်း လူတိုင်း သိတယ်။ တနေ့ကများ ရန်ကုန်အရှေ့ပိုင်းမှာ ဖါတွေဘမ်းတော့ ဖါတွေနဲ့ ပုလိပ်တွေဟာ လိုက်တန်းပြေးတမ်း ကစားသလိုဘဲတဲ့"
"ငါဆိုလိုရင်းက ဒီလိုကွ။ အခု ပုလိပ်အဖွဲ့က ဖါတွေ ဖါခေါင်းတွေ ဘမ်းရုံနဲ့ ပြည့်တန်ဆာမ နှိပ်ကွပ်ရေးကိစ္စ အသေအချာ အောင်မြင်နိုင်မလားဆိုတဲ့ အချက်ဘဲ။ ပဋ္ဌမ ဘာ့ကြောင့် ဖါဖြစ်ရသလဲဆိုတဲ့အချက်ကို စဉ်းစားရမယ်။ တချို့က ပြောကြတယ်။ ဖါခေါင်းတွေ အဆွယ်ကောင်းလို့ရယ်၊ အဓမ္မ ဇာတ်သွင်းလို့ရယ်။ အဲဒီအချက်တွေကို အရေးတကြီး ပြောကြတယ်။ ငါက ဒီအချက်တွေဟာ အဓိကအချက် မဟုတ်ဘူးလို့ ထင်တယ်။ အဓိကအချက်က ဘာလဲဆိုရင် ဖါအလုပ်ဟာ ပိုက်ဆံ အရချောင်တယ်။ အဲဒီအချက်ကို ငါ ရှင်းပြမယ်။ ဗမာပြည်မှာ မိန်းမက ယောက်ျားထက် ဦးရေများတယ်။ စီးပွားရေးကြပ်တည်းမှု၊ အလုပ်လက်မဲ့ ပေါများမှုတို့ကြောင့် အချို့ယောက်ျားတွေ မယား မယူနိုင်ကြဘူး။ ယူရင်လဲ လူတန်းစေ့ မထားနိုင်ကြဘူး။ အဲဒီတော့ မိန်းမတွေဟာ ယောက်ျားကို အားကိုးရတဲ့အမျိုး ဖြစ်တယ်။ အခုတော့ ယောက်ျားကိုလဲ အားမကိုးနိုင်၊ လူတန်းစေ့လဲ မနေနိုင်တော့ ပိုက်ဆံအရချောင်တဲ့ ဖါအလုပ်ကို ဇွတ်နှစ်ရဒါဘဲ။ အဲဒါ မင်းသဘော ဘယ့်နှယ်လဲ"
"ငါကတော့ ဒီဖါပြဿနာကို ဘာမျှ မစဉ်းစားသေးဘူး"
"အဲဒါ မင်းမှားဒါပေါ့။ အမျိုးထူထောင်ရေးမှာ ဒီဖါပြဿနာဟာ သိပ်အရေးကြီးတယ်ကွ။ ဒီတော့ လူတိုင်းက ဒီပြဿနာကို စိတ်ဝင်စားသင့်တယ်။ အဲဒီတော့ အစိုးရဟာ ပြည့်တန်ဆာပြဿနာကို တကယ်ရှင်းချင်ရင် ပဋ္ဌမ လူတွေကို လူတန်းစေ့နေနိုင်မှုရအောင် တတ်အားသလောက် ဆောင်ရွက်ပေးဘို့ လိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကိုယ်တွေ့တခု ပြောပြမယ်။ အဲဒါ မင်း သတင်းစာ၊ ဂျာနယ်တွေထဲမှာ ထည့်ချင်ရင် ထည့်နိုင်တယ်"
အထက်ပါအတိုင်း ကျွန်ုပ်မိတ်ဆွေ စာရေးကိုအောင်ဒင်သည် တနေ့သော တနင်္ဂနွေနေ့တွင် ကျွန်တော့အိမ်သို့ လာ၍ ဖါလက်ချာ ရိုက်နေပါသည်။ ကျွန်တော်လည်း နားထောင်၍ ကောင်းကောင်းရှိသည်နှင့် သူ၏ ဖါလက်ချာကို တနာရီနီးပါးလောက် နားထောင်ပြီးနောက် အောက်ပါအတိုင်း ကိုအောင်ဒင်၏ ကိုယ်တွေ့ကလေးမှာ ဖါပြဿနာကို စဉ်းစားရာ၌ အသုံးဝင်မည်ဟု ထင်မြင်သဖြင့် ကိုအောင်ဒင်ပြောပြသည့်အတိုင်း ဖေါက်သည်ချလိုက်ပါသည်။
"ကိုကို မမက ခဏလာပါအုံးတဲ့" ဟူသော အသံကို ကြားသဖြင့် ကျွန်တော်သည် အလုပ်စားပွဲတွင် အလုပ်လုပ်နေရာမှ ခေါင်းထောင်ကြည့်လိုက်ရာ တစ်တစ်ခွခွ လှပသော ကျွန်တော့်စိတ်အထင် အသက် ၁၄ နှစ်ထက်မကျော်ဟု ခန့်မှန်းရသည့် ကောင်မကလေးတယောက် ကျွန်တော့်စားပွဲအနည်းတွင် ရပ်နေသည်ကို တွေ့ရပါသည်။
ကျွန်တော်က "ဘယ်မမလဲ" ဟူ၍ မေးရာ "မမသန်းလေ" ဟု ပြန်ပြောသောကြောင့် အပေါ်အင်္ကျီကို ကုလားထိုင်တွင် ချိတ်ခါ ချက်ခြင်းပင် ထလိုက်သွားပါသည်။
မမသန်းဆိုသော မိန်းမကြီးကား စာရေးကတော်ယောင်ယောင် ဘာယောင်ယောင်နှင့် အတော်လည်သော ကျွန်တော့်အသိ မိန်းမကြီးဖြစ်ပါသည်။
ကျွန်တော်တို့ ရုံးအနီးက လဘက်ရည်ဆိုင်အခန်းကလေးတွင် ထိုင်ခါ လဘက်ရည်မှာ၍ သောက်ကြပါသည်။ ကောင်မကလေးမှာ ကျွန်တော့်အနားတွင် ကပ်၍ထိုင်ခါ တစုံတရာ ရှက်ကြောက်ခြင်း အမူအရာ မပြပါ။ စပ်မိစပ်ရာ ပြောကြပြီးနောက် ကောင်မကလေးနှင့် ကျွန်တော်မှာ အတော် ရင်းနှီးသွားကြပါသည်။ ကောင်မကလေး၏ နာမည်ကိုကား ခင် ဟူ၍သာ ဘော်ပြပါတော့မည်။
ကောင်မကလေးမှာ ရဲရာက ကဲလာပါသည်။ ကျွန်တော့်ပခုံးကို ကိုင်ခါ "ကိုကို ခင်တို့အိမ် လာလယ်နော်။ နောက် ခင်တို့နဲ့ ဘိုင်စကုတ် သွားကြမယ်နော်" စသည်ဖြင့် တီတီတာတာတွေ လုပ်ပါသည်။ မမသန်းဆိုသော မိန်းမကြီးကား ကျွန်တော့်ကို စပ်ဖြဲဖြဲကြည့်နေပါသည်။ သူကြည့်သော အဓိပ္ပါယ်ကို ကျွန်တော် နားလည်ပါသည်။
ဒါနဲ့ တိုတိုပြောကြပါစို့။ ကျွန်တော်သည် ကောင်မကလေးအိမ်သို့ ၂ ခေါက် ၃ ခေါက်တိုင် သွားလည်ပါသည်။ သူတို့၏ နေအိမ်မှာ ရန်ကုန်မြို့အစွန် သူဆင်းရဲရပ်ကွက်ရှိ စုတ်ချာသော အိမ်ကလေး ဖြစ်ပါသည်။ ကောင်မကလေးမှာ မိဘရှိသော်လည်း အလုပ်မရှိကြပါ။ ကောင်မကလေး၏ အစ်ကိုမှာလည်း အလုပ်မရှိပါ။ မမသန်းဆိုသော မိန်းမကြီးကား ကောင်မကလေး၏ အိမ်နီးခြင်း ဖြစ်ပါသည်။
တနင်္ဂနွေနေ့တနေ့တွင် ကျွန်တော် ကောင်မကလေးအိမ်သို့ သွားလည်ပါသည်။ ကောင်မကလေးနှင့် သူ့အမေ ၂ ယောက်သာ အိမ်မှာ ရှိပါသည်။ အမေကြီးမှာ အိမ်ထဲတွင် အိပ်နေပါသည်။ ကောင်မကလေးနှင့် ကျွန်တော် နှစ်ယောက်တည်းသာ အပြင်ခန်းတွင် ရှိပါသည်။ ကောင်မကလေး ဝတ်ဆင်ထားပုံမှာလည်း ပါးပေ့ဆိုသော အင်္ကျီကလေးနှင့် အတော်အသဲယားစရာ ကောင်းပါသည်။ နောက်ဆုံး ကျွန်တော်ထိုင်သော ကုလားထိုင်အနီးသို့ လာခါ တီတီတာတာ လုပ်နေပါသည်။ တခါတခါ ကျွန်တော့် ပခုန်းပင် ကိုင်ခါ အသဲယားစရာအလုပ်ကို လုပ်နေပါသည်။ မြက်ကိုစားသော နွားမဟုတ်သူများအတွက် အတော်အသဲယားစရာ ကောင်းပါသည်။ ကျွန်တော် သူကလေး၏ လက်ကို ဆွဲကိုင်လိုက်ပါသည်။ ဘာမျှ မပြောပါ။ သူကလေး၏ မျက်နှာမှာ ကိုကိုသဘောရှိဟူသော အသွင်ကို ဆေါင်၍ နေပါသည်။ သို့သော် ကျွန်တော်သည် ဤကောင်မကလေးကို အတည်တကျ ပေါင်း ...
ထင်ပေါ်
စနေ နဂါးနီ
အတွဲ (၂) အမှတ် (၄၀)
၁၉၄၁ မတ် ၁၆
Comments
Post a Comment