သမီးပေးအပ် အင်ရှစ်ထပ် မလပ်မလွတ်ရာ

ဗြဟ္မာ အမျိုးမြတ်သည်ဆို၍ သမီးပေးခြင်း၊ (ဆိုတိုင်းမမှန်လျှင် သမီးကို သိမ်းစေ။)
ဒဒေယာ အသွင်းပေးမည်ဆို၍ သမီးပေးခြင်း၊ (သမီးမပေးမှီ အသွင်းရသော် ကောင်း၏။ သမီးပေးပြီးမှကား အသွင်းလိုသည်ဟု မတောင်းသာပြီ။ ကာမရသာကို ခံစားလေပြီး ဖြစ်သောကြောင့်တည်း။)
ကရေယာ မှုခင်းကို ပြီးပြေအောင်ဆောင်မည်ဆို၍ သမီးပေးခြင်း၊ (သုံးနှစ် ယောက္ခမထံ လုပ်ဆောင်စေ။)
သူရာ ခဲယဉ်းသောအမှုကို ရွက်ဆောင်မည်ဆို၍ သမီးပေးခြင်း၊ (ထိမ်းမြားရမည်။ မထိမ်းမြားလိုမူ သမီးကိုယ်ဘိုးကို ပေးစေ။)
ဥဗ္ဘိဂ္ဂသာ ကြောက်သောအားဖြင့် သမီးပေးခြင်း၊ (အကြောက်ပြေမူ သမီးကို ပြန်ယူရ၏။)
ဘဋကာ မှီခိုခယမ်း အမှုကြီးငယ်ကို ရွက်ဆောင်၍ သမီးပေးခြင်း၊ (သမီးကိုပေး၍ ကာမစပ်ရှက်မိလျှင် သင့်နေစေ။)
အဗျာဓိတာ ရောဂါအနာကို ကုသနိုင်သည်ဆို၍ သမီးပေးခြင်း၊ (ထိမ်းမြားစေ။ မထိမ်းမြားလိုလျှင် ကိုယ်ဘိုး ပေးစေ။)
သာမဿာ အလိုတူ၍ သမီးပေးခြင်း၊ (ထိမ်းမြားလျှင် ကာမစပ်ရှက်မိလျှင် သင့်နေစေ။ မစပ်ရှက်သေးလျှင် မထိမ်းမြားလိုလျှင် ကိုယ်ဘိုးဝက် ပေးစေ။)

တနည်း
ဗြဟ္မာ အမျိုးမြတ်သောသူတို့အား ပူဇော်သောအားဖြင့် သမီးကို ပေးခြင်း၊
ဒဒေယာ အမှုအခင်း လုပ်ဆောင်တတ်သူတို့ကို မှုခင်းလုပ်ဆောင်စေမည် သမီးပေးခြင်း၊
ကာရိယာ ကျွဲနွား စသော အသွင်းပန္နာတို့ကို ယူပြီး ဆွေမျိုးအသိအကြား ထိမ်းမြားခြင်း၊
ပညာ မကောင်းမြစ်ထာ ကောင်းရာပြသ သွန်သင်ပေးမည်ဟု သမီးပေးခြင်း၊
အသုတ အထူးထူးသော အသွင်းပန္နာကို ယူပြီးလျှင် ဆွေမျိုး မပန်မကြားမူ၍ သမီးကို ပေးခြင်း၊
ဂန္တပ္ပါ မိဘနှစ်ပါး သဘောတူ၍ သမီးကို ပေးခြင်း၊
အဗ္ဘါဟိတ အနိုင်အထက် နှိပ်စက်ပေးမြားခြင်း၊
သာမဿာ သမီးလုင် သားလုင်တို့ အတူတကွ အိမ်ယာတိုက်ခန်း၌ အိပ်နေသည်ကို တွေ့မိသောကြောင့် ပေးမြားရခြင်း။

မြောင်လှမြို့စား နိုင်ငံခြားဝန်ထောက်တော်မင်း မင်းကြီးသီရိမဟာဇေယသူ ဦ်းခြိမ့်

ကဝိလက္ခဏ ဒီပနီကျမ်း
မြန်မာသံတော်ဆင့် မီးစက်ကြီးပုံနှိပ်တိုက်
၁၈၈၀

Comments