ဝှိုက်ဝေး ကုန်တိုက်

တချိန်က ဖယ်ရာလမ်း (ယခု ပန်းဆိုးတန်းလမ်း) နှင့် ကုန်သည်လမ်းထောင့်တွင် ဝှိုက်ဝေး ကုန်တိုက်ကြီး (Whiteaway, Laidlaw & Co. Ltd.) ရှိခဲ့သည်။ ဝှိုက်ဝေးသည် အိန္ဒိယနှင့် စင်္ကပူတို့တွင် ရုံးခွဲထားကာ ပို့ကုန်သွင်းကုန်လုပ်သော ကုန်တိုက်ကြီးဖြစ်သည်။
ဝှိုက်ဝေး ကုန်တိုက်အား တွေ့ရပုံ
အဆောက်အဦသစ်ကို မစ္စတာ ဟွိုင်းဖော့ (Hoyne Fox) က ပုံစံထုတ်ပေးသည်။ မစ္စတာဖော့သည် ရန်ကုန်ဆေးရုံကြီး၊ တရားရုံး စသည့် အဆောက်အဦများကိုလည်း ပုံစံထုတ်ခဲ့သူ ဖြစ်သည်။
အဆောက်အဦသစ်အား တွေ့ရပုံ
မြေညီထပ်မှ တတိယထပ်အထိ အဝတ်အထည်၊ ဖန်ထည် အစရှိသည့် ကုန်များရောင်းပြီး အပေါ်ဆုံးထပ်သည် ရုံးခန်းနှင့် အိမ်ခန်းများ ဖြစ်သည်။ ရန်ကုန်တွင် ဓာတ်လှေကား၊ လျှပ်စစ်ပန်ကာတို့ တပ်ဆင်သော ဦးဆုံးအဆောက်အဦဖြစ်ပြီး မှန်ချပ်တို့နှင့် လှပစွာ တည်ဆောက်ထားသည်။ ၁၉၀၀ နှင့် ၁၉၃၀ တွင် လူစည်ကားရာနေရာလည်း ဖြစ်ခဲ့သည်။
တရုတ်နိုင်ငံမှ ရွှေဘဏ် ဖွင့်ထားသည့် ဝှိုက်ဝေး ကုန်တိုက် နေရာ
ယခုထိုနေရာတွင် အဆင့်မြင့်အိမ်ရာ အဆောက်အဦလုပ်ကာ ရွှေဘဏ်ကို ဖွင့်လှစ်ထားသည်။

Comments