ရိုး ကုန်တိုက်

ရိုး ကုန်တိုက် (Rowe ​& Co. Department Store) ကို ၁၈၈၆ ခုတွင် မစ္စတာ ရိုး (R. V. Rowe) က မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) တွင် စဖွင့်သည်။
မဂိုလမ်းရှိ ရိုးကုန်တိုက်
ထိုမှတဆင့် ကုန်သည်လမ်းနှင့် မောင်ထော်လေးလမ်းသို့ ရွေ့သည်။ ရောင်းအားတက်ရာ ယခု ဘားလမ်းနှင့် ဒါလဟိုဇီလမ်းထောင့်သို့ ပြောင်းလာတော့သည်။ အဆောက်အဦကို ဘုံဘေမှ ချားလ် စတီဗင်ဆန် ဗိသုကာကုမ္ပဏီ (Charles F. Stevens & Co.) မှ ဆောက်သည်။
အသစ်ဆောက်လုပ်လိုက်သော အဆောက်အဦသစ်
ထိုစဉ်က အာရှ၌ အကြီးဆုံးကုန်တိုက်ဖြစ်ပြီး မန္တလေး၊ ပုသိမ်နှင့် မော်လမြိုင်တို့တွင် ဆိုင်ခွဲများ ရှိသည်။ နာရီ၊ ဖိနပ်၊ စာအုပ်မှသည် အခြား လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ရိုးကုန်တိုက်မှ ရနိုင်သည်။
အမြို့မြို့ရှိ ရိုး ကုန်တိုက်များ
လွတ်လပ်ရေးရပြီးသည်အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂ ခုတွင် ဆိုရှယ်လစ်အစိုးရ ပြည်သူပိုင်သိမ်းခံရသည်။ ယခုမူ ဧရာဝတီဘဏ် ရုံးချုပ်အဖြစ် ဖွင့်လှစ်ထားသည်။
ဧရာဝတီဘဏ် ရုံးချုပ်အဖြစ် မြင်ရပုံ

Comments