"လူမြိုမှ လူမျိုးပျောက်မယ်" ဆိုတဲ့ ဦးမြဲ

သီပေါလက်ထက်တုန်းက ကင်းဝန်မင်းကြီးရဲ့ စာရေးတော်ကြီးလုပ်ခဲ့တဲ့ ဒီပဲယင်းဝန်ထောက် ဦးမြဲ ဆိုတဲ့သူတစ်ယောက်ရှိခဲ့တယ်။ သူက ပြင်သစ်-မြန်မာ စာချုပ်ချုပ်တော့မဲ့အချိန်ကျ စာချုပ်ပါအကြောင်းအရာတွေ အပေးအယူကိစ္စတွေကို အင်္ဂလိပ်ဆီ သတင်းပေးခဲ့တယ်။ ကိုယ်ကျိုးအတွက် နိုင်ငံကိုရောင်းစားခဲ့တယ်။ သူ့အဆင့်က စာရေးအဆင့်ပဲရှိပေမဲ့ လော့ဒပ်ဖရင် မြန်မာနိုင်ငံရောက်တော့ သူ့ကို သီးခြားတွေ့ဆုံပြီး ဂုဏ်ပြုခဲ့တယ်။ ဗြိတိသျှ လွှတ်တော်ထဲမှာ အော်နာရေဘီ ဦးမြဲ (The Honorable U Mye) လို့ အမည်ပေး ဂုဏ်ပြုခေါ်ဝေါ်ခဲ့တယ်။
လက်ထက်တော်က စာရေးကြီး ဦးမြဲ
အင်္ဂလိပ်တပ်တွေ ဝင်လာတော့ သီပေါက ရွှေဘိုဘက်ရှောင်မလို့ကို သူနဲ့ ဦးကောင်း နှစ်ယောက်ပေါင်းပြီးတားခဲ့တယ်။ သီပေါ ပါတော်မူတော့ ရန်ကုန်မြစ်လယ်မှာ သီပေါ စီးတဲ့သင်္ဘော ခဏနားတဲ့အချိန် အင်္ဂလိပ်လှေနဲ့ သင်္ဘောဆီကပ် သီပေါဆီလာပြီး မျက်နှာခြင်းဆိုင်က ခုံမှာ ဝင်ထိုင် တန်းတူစကားပြောလို့ စုဖုရားလတ်က မောင်းထုတ်ခဲ့ရတယ်။ အင်္ဂလိပ်ခေတ်ရောက်တော့ ဘုရင်လက်ထက်က မင်းမှုထမ်းတွေကို မင်းမျိုးမင်းနွယ်တွေကို အင်္ဂလိပ်က ပင်စင်ပေး ထောက်ပံ့ကြေးပေးတဲ့ ကိစ္စတွေမှာ ဦးကောင်းနဲ့ သူနဲ့ က ထောက်ခံစာရေးပေးတဲ့နေရာ ရခဲ့ပြီး မင်းမျိုးမင်းနွယ်တွေ က သူ့ကို ရိုသေမှ တည့်အောင်ပေါင်းမှ ပင်စင်ထောက်ခံစာ ရေးပေးခဲ့တယ်။
အဲ့လိုလူက ၁၉၂၁ ဂျီစီဘီအေ အစည်းအဝေးမှာ သဘာပတိလုပ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ စကားတခွန်းပြောခဲ့တယ်။
"မြေမြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မယ်" တဲ့။

မူရင်း

Comments