ရွှေရုပ်လွှာ ရိုက်ပြီ

ရွှေရုပ်လွှာ (အိန္ဒိယ Chabbi) အမည်ရ ဇာတ်ကားကို ၁၉၅၇ ခုတွင် ရိုက်ကူးသည်။ ရွှေမြင်းမိုရ် ရုပ်ရှင်ကုမ္ပဏီအတွက် ဒါရိုက်တာ လာဟီရီ ရိုက်ကူးပေးခြင်း ဖြစ်သည်။ အာရစ်ရှ် ကူးမား၊ မာလာ ဆင်ဟာ (Mala Sinha) (မြန်မာအမည် ဆွေဆွေလဲ့) နှင့် မေဇင် တို့ ပါဝင်ထားကြသည်။
အာရစ်ရှ် ကူးမားနှင့် ဆွေဆွေလဲ့တို့၏ ဇာတ်ဝင်ခန်းတခု
ဇာတ်လမ်းမှာ ဘင်္ဂါလီစာရေးဆရာ ဆာရတ်ချန္ဒရာ ဂျတ္တာဂျီ  (Sarat Chandra Chattopadhyay) ၏ ဝတ္ထုကို ယူရိုက်ခြင်း ဖြစ်သည်။ ဇာတ်ညွှန်းကို မြန်မာလူမျိုးတို့အတွက် ပြောင်းလဲရာ မောင်ဘသင်း (အာရှစ်ရှ်) နှင့် မရွှေ (ဆွေဆွေလဲ့) တို့ ဇနီးမောင်နှံ၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးသည့်ဇာတ်လမ်း ဖြစ်လာသည်။
သင်္ကြန်ဇာတ်ဝင်ခန်းတွင် တွေ့ရသော ဆွေဆွေလဲ့

"ချပ်ဘီ"
မြန်မာ့အလင်း သတင်းစာ
၁၉၅၇ မတ် ၂၅

Comments